Search Header Logo
ဂျဲန်ဒါဆိုင်ရာဝေါဟာရများ

ဂျဲန်ဒါဆိုင်ရာဝေါဟာရများ

Assessment

Flashcard

Other

Professional Development

Hard

Created by

Zin Lynn Htaik Aung

FREE Resource

Student preview

quiz-placeholder

7 questions

Show all answers

1.

FLASHCARD QUESTION

Front

ဂျဲန်ဒါ Gender

Back

မိန်းကလေး၊ ယောကျ်ားလေး၊ အမျိုးသမီး၊ အမျိုးသားများ အတွက် လူမှုအသိုင်းအဝိုင်းမှလက်ခံနိုင်သည်။ သင့်လျော် သည်၊ တန်ဖိုးရှိသည် ဟုသတ်မှတ်ခံယူထားပြီး လူမှုရေးနှင့် နိုင်ငံရေးအရဖန်တီးပုံဖော်ထားသည့် အခန်းကဏ္ဍများ၊ အပြု အမူများနှင့် အရည်အချင်းများဖြစ်ပါသည်။ တစ်နည်း လူမှု အသိုင်းအဝိုင်းမှ သတ်မှတ်ပြဌာန်း ထားချက်များ ဖြစ်ပါသည်။

2.

FLASHCARD QUESTION

Front

လိင် Sex

Back

 

ဇီဝဗေဒအရယောကျ်ားနှင့် မိန်းမကွဲပြားခြင်းကို ဆိုလိုပါသည်။

 

3.

FLASHCARD QUESTION

Front

ဂျဲန်ဒါတန်းတူညီမျှခြင်း

Gender Equality

Back

ဥပဒေများနှင့် မူဝါဒများတွင် အမျိုးသားနှင့် အမျိုးသမီးများကို တန်းတူ ဆက်ဆံကာအရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို တန်းတူ လက်လှမ်းမီ ရယူနိုင်ခြင်းကို ဆိုလိုပါသည်။

4.

FLASHCARD QUESTION

Front

ဂျဲန်ဒါသာတူညီမျှခြင်း

Gender Equity

Back

အမျိုးသားနှင့် အမျိုးသမီးများ၏ လိုအပ်ချက်များ အပေါ်မူတည်၍ တရားမျှတစွာ ပြုမူဆက်ဆံခြင်းကို ဆိုလိုပါသည်။ အကျိုးအမြတ်များ၊ အခွင့်အရေးများနှင့် တာဝန်ဝတ္တရား များကို ဖြန့်ဝေရာတွင် မျှမျှတတ ရှိခြင်းဖြစ်ပါသည်။ ၄င်းတို့အကြားတွင် လိုအပ်ချက်နှင့် ပါဝါမတူညီမှုများကို သတိပြုရပါမည်။

5.

FLASHCARD QUESTION

Front

ဂျဲန်ဒါဆိုင်ရာစံသတ်မှတ်ချက်များ

Gender Norms

Back

အမျိုးသမီး၊ အမျိုးသားဖြစ်ခြင်းအပေါ်တွင် မှုတည်ပြီး လူမှုပတ်ဝန်းကျင် မှသတ်မှတ်ထားသော စံအဖြစ် သတ်မှတ် ထားသာ စံနုန်းများကို ဆိုလို သည်၊ ၎င်းတို့သည် လူမှုပတ်ဝန်းကျင်မှ တဖြည်းဖြည်း လက်ခံကျင့်သုံးရာမှ ဖြစ်ပေါ်လာသော စံနှုန်းများဖြစ်သည်။

6.

FLASHCARD QUESTION

Front

ကျားမရေးရာတရားသေအယူအဆများ

Gender Stereotypes

Back

ကျားမရေးရာ ပုံသေ(ပုံစံခွက်)သတ်မှတ်ခြင်း ဆိုသည်မှာ လူတို့သည် ပုံမှန်အားဖြင့် ယဉ်ကျေးမှု၊သမိုင်း၊ ဘာသာရေး၊ ယုံကြည်မှု ၊ ရိုးရာဓလေ့များ၊ပုဂိုလ်ရေးဆိုင်ရာ ဘက်လိုက်မှုများကို အခြေခံထားသည့် အမျိုးသမီး၊ အမျိုးသားများအပေါ် ပုံသေသတ်မှတ်ထားသောယေဘုယအမြင် ၊ကြိုတင်ယူဆချက်၊ အရည်အချင်း ၊ လုပ်ဆောင်သင့်သည်၊ ပြုမှုသင့်သည်ဟု သတ်မှတ်ထား သောအချက်များ ၊ တာဝန်ဝတ္တရားများ ကို ဆိုလိုသည်။

7.

FLASHCARD QUESTION

Front

လူမှုပုံစံသွင်းခြင်း

Socialization

Back

ဂျဲန်ဒါဆိုင်ရာအယူအဆများနှင့် စံသတ်မှတ်ချက်များကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍သင်ကြားပေးခြင်းဖြစ်ပါသည်။

Access all questions and much more by creating a free account

Create resources

Host any resource

Get auto-graded reports

Google

Continue with Google

Email

Continue with Email

Microsoft

Continue with Microsoft

or continue with

Facebook

Facebook

Apple

Apple

Others

Others

Already have an account?